API ဆိုတာ ဘာလဲ ?
တစ်ကယ်တော့ API ဆိုတာ beginner တွေအတွက် စိမ်းနေနိုင်ပေမယ့် တော်တော်များများ ရင်းနှီးပြီးသားပါ။ Web Service နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အရာဆိုလည်း မမှားပါဘူး။ ဒီတော့ API အကြောင်းမပြောခင် Web Service ဆိုတာကို အရင်ကြည့်ရအောင်။ Web Service Web Service ဆိုတာ မတူညီတဲ့ platform အတွက် ရေးသားထားတဲ့ application တွေကို internet protocol တွေကနေတစ်ဆင့် ချိတ်ဆက်အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ technology တစ်ခုဖြစ်ပါတယ်။ API ဆိုတာ ဘာလဲ ? Application Program Interface လို့ ခေါ်တဲ့ API ကို application တွေ တစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်အသုံးပြုနိုင်ဖို့ အသုံးပြုကြပါတယ်။ API တွေဆိုတာ Web, Database System နဲ့ အခြား Platform တွေမှာပါ သုံးကြပါတယ်။ ဥပမာ Direct X ဆိုတာ Microsoft က Game Development အတွက် ဖန်တီးပေးထားတဲ့ Windows API ပါ။ API တွေမှာ အဓိက လုပ်ဆောင်ချက်နှစ်ခုရှိတယ်။ ပထမတစ်ခုက ပေးပို့လာတဲ့ request တွေကို လက်ခံပေးတယ်။ နောက်တစ်ခုက လက်ခံရရှိလာတဲ့ request နဲ့ သက်ဆိုင်တဲ့ resource တွေကို server ပေါ်ကနေ ယူပြီး response တွေ ပြန်ပို့ပေးတယ်။ ဒီတော့ ကိုယ်ရေးနေတဲ့ application မှာ လိုအပ်တဲ့ requirement တွေအတွက် ...